Featured post

ဆိုးရွားစွာ သေဆုံးကြပြန်ပြီးဗျာ မဖြစ်တဲ့နေ့ မရှိသလောက်ပါပဲ ဆင်ခြင်နိုင်ကြပါစေ

28.5.2017 / 8:22pm အချိန် စိတ္တသုခကုသိုလ်ပြုအသင်း (တွံတေး) သို့ တွံတေး လှိုင်သာယာ ကားလမ်း စက် တူးမြောင်းအနီး တွင် ကား accident ဖြစ်ကြောင်း အကြောင်းကြားလာ သောကြောင့် စိတ္တအမှတ် ၃ယာဉ်ဖြင့် ကိုဝင်း ဗိုလ် ၊ ကိုကောင်းကောင်း တို့မှ ဦးဆောင်သော စိတ္တသုခ အသင်းသား ၄ဦး စိတ္တအမှတ် ၁ယာဉ်ဖြင့်ကိုကျော်ဇင်ထွန်း ဦးဆောင်သော အသင်းသား ၃ဦး တို့မှ စတင် ဖြစ်ပွားရာသို့ ကယ်ဆယ်ရေး လုပ်ဆောင်ရန် ထွက်ခွာပြီး စိတ္တသုခရုံးချုပ်မှ နီးစပ်ရာအသင်းများသို့ လဲ ဆက်သွယ် အကြောင်းကြားခဲ့ပါသည်။

ကား accident ဖြစ်ပွားရာသို့ ရောက်ရှိရာ ကားအောက်တွင် ပိမိနေသော အနီရောင်အဆင့် လူနာ ၃ဦး သေဆုံးသူ ၁ ဦး၊ အပြင်ဘက်မှ အနီရောင်အဆင့် လူနာ ၃ဦး စုစုပေါင်း လူနာ ၆ ဦးတို့အား စိတ္တသုခတွံတေး မှ ဦးဆောင်၍ ကယ်ထုတ်ပေး ခဲ့ပါသည်။

အနီရောင် အဆင့်လူနာ ၃ ဦးအား ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ခဲ့ပါသည်။ သေဆုံးသွားသော Dead Body ပါ ထုတ်ပိုး၍ နောင်တော် မဇ္ဈိမ ဘာသာရေးနှင့်နာရေး ကုသိုလ်ပြုအသင်း နှင့်အတူတွံတေး ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

ဝိုင်းဝန်းကူညီပေးကြသော တွံတေးမြို့နယ် မီးသတ်တပ်ဖွဲ့ လှိုင်သာယာ မြို့နယ် မီးသတ်တပ်ဖွဲ့ ပုညသုခ လူမှုကူညီရေးအ သင်း ဓမ္မဝိဟာရလူမှုကယ်ဆယ်ရေးအသင်း ဗြဟ္မစိုရ်အဖျောက် မြတ်ကုသိုလ် မြတ်စေနာ (ဘုရားကြီးကျေးရွာ) တက်သ စ်စ မေတ္တာ ပါရမီ အေးမေတ္တာ အစရှိသော အသင်းများမှ လာရောက်ကူညီပေးခဲ့ပါသည်။

လက်ရှိ သတင်းအရ တွံတေးဆေးရုံ Emergency သို့ လူနာ ၃ ဦးပို့ဆောင် ရန်ကုန် ဆေးရုံကြီး သို့ အနီရောင် ၃ဦးပို့ေ ဆာင် တစ်ဦး သေဆုံးကြောင်း သတင်းရရှိပါသည်။

မော်တော်ယာဉ်များသတိပြုဆင်ခြင်၍အန္တရာယ်ကင်းစွာမောင်းနှင်နိုင်ကြပါစေ
စိတ္တသုခတွံတေး
Zin Moe##ကျော်သက်ထွေး
Source : https://www.facebook.com/profile.php

Comments