Featured post
- Get link
- X
- Other Apps
ည ၁၀ နာရီ သံချောင်းခေါက်လေပြီ။ မှောင်မိုက်လွန်းသော ညတစ်ည က မြေတွင်းအောင်းသတ္တဝါ ပုရစ်တို့ ရဲ့ တကျီကျီ ထိုးနေသံ ၊ တစ်ချက်ချက် မနီးမဝေးဆီက တောခွေးအူသံ မှတစ်ပါး ဘာသံမျှမကြားရ ။ ငြိမ်သက်လွန်းလှသည်။
လူတစ်ယောက် အမှောင်ထုထဲကို ထိုးဖောက် လျှောက်လှမ်းနေသည်။ ကြောက်ရွံ့ခြင်းမရှိ။တစ်စုံတစ်ခုအတွက် တည်တ ည်ငြိမ်ငြိမ်နှင့် သူလိုရာကို ပြုဖို့ အတွက် သွားနေသည်။
ဤ နေရာကား သုဿန် တစပြင်တစ်နေရာဖြစ်နေလေသည်။ အထပ်ထပ်သောအုတ်ဂူတွေကြား မှ ရိပ်ခနဲရိပ်ခနဲ ဝိုးတိုး ဝါးတား အရိပ်ယောင်တွေ လည်းသူမကြည့်။ တစ်နေရာ အရောက်မှာ အုတ်ဂူပေါ်က စာတစ်ခု ကို တွေ့တော့ ရပ်လိုက်သည်။ အုတ်ဂူ ဘေးပတ်ချာလည်ကို တစ် ချက်ကြည့်လိုက်ပြီး ပါလာတဲ့ အိပ်ထဲမှ တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်သည်။ သူယူလာတာက ဖယောင်းတိုင် ၆၄ တိုင်။ တစ်တိုင်ချင်း စိတ်တိုင်းကျ အုတ်ဂူပတ်လည်တွင် ထွန်းညှိသည်။ တုန်လှုပ်ခြောက်ခြားခြင်းမရှိ။ တည်တည်ငြိမ်ငြိမ်ဖြင့် ဖယောင်းတိုင် ၆၄ တိုင်ထွန်းညှိထားသော အုတ်ဂူ ကို ထိုင်ကန်တော့သည်။
ည ၁၁ နာရီ သံချောင်းခေါက်သံ ကြားရပြီ ။ သူပြန်လာခဲ့ပြီ ။ ဖြစ်ချင်တဲ့ အရာတစ်ခု ပြီးမြောက်ခဲ့၍ တက်ကြွနေတဲ့ခြေလှမ်းများ မြန်ဆန်လွန်းသည်။ တစ်စုံတစ်ခု အတွက် သက်သေပြနိုင်ပြီလို့ စိတ်ထဲမှ ကျေနပ်နေမိသည်။ မြို့လည် တံတားထိပ်မှာ လူတစ်စု က သူ့ ကိုစောင့်ဆိုင်းနေသည်။ ထိုသူတို့ ကား လောကတွင် တစ္ဆေ သရဲ ရှိတယ်လို့ ယူဆကြသူများဖြစ်ကြသည်။ထို့ကြောင့် သချိုင်းထဲသို့ သွားပြီး ဤသို့ပြုလုပ်ရမည် လို့ အလောင်းအစားပြုထားခြ င်းဖြ စ်သည်။
ထို့ကြောင့် သူတကယ် လုပ်မလုပ်ကို ပြန်သွားပြီး ကြည့်ရှုစစ်ဆေးကြမည်။ လက်ထဲတွေမှာ ဓါး လှံ တုတ် များကိုင်ဆော င်ထားပြီး တကယ်လို့ တစ္ဆေ သရဲ တို့နဲ့ ရင်ဆိုင်တွေ့ကြုံခဲ့ရလျှင် တိုက်ခိုက်ဖို့ ယူဆောင်လာကြသည်။ သင်္ချိုင်းထဲကို အုပ် စုလိုက်ဝင်လာခဲ့ပြီး သူတို့ ပြောသလို လုပ်မလုပ်ကို စစ်ဆေးကြသည်။ သူတို့ ပေးလိုက်သော ဖယောင်းတိုင် တစ်ခုမကျန် အကုန် ထွန်းညှိခဲ့ကြောင်းတွေ့ရပြီး မြို့လယ်တံတားသို့ ပြန်လာကြေ လသည်..။ တစ္ဆေ သရဲ ကိုမကြောက်မလန့်  ပဲ ယခုလို သွားခဲ့ လုပ်ခဲ့သူက ဘယ်သူဖြစ်မယ်ထင်ပါသလဲ ။ ကျွနိုပ်တို့ရဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပဲ ဖြစ်ပါတယ်။
သူဟာငယ်စဉ်အခါက တစ္ဆေသရဲကို အလွန် ကြောက်တတ်သူဖြစ်ပါတယ်။ နတ်မောက်မြို့ပေါ် ဝါတွင်းမှာ အတီးအမှုတ် အကအခုန်တွေနဲ့ အဖိတ်နေ့တိုင်း အလှူခံထွက်ရာ လူတစ်ယောက်က ဖိုးသူတော်ရုပ်ကြီးထဲဝင်ပြီး ကခုန်တာကိုမြင် လျှင် လည်း ကြောက်ပြီး အိမ်ခန်းတွင်းသို့ ဝင်ရောက် ပုန်းအောင်းနေတတ်ကြောင်း ၊ ကာကာ ဆိုင်သို့လာလျှင် ကာကာကုလား ကိုလည်း ကြောက်သဖြင့် ကာကာဆိုင်သို့ပင် မသွားကြောင်း အစရှိသည့် ငယ်ရွယ်စဉ် ကလေးဘဝ အကြောက်ကြီး ကြောက်တတ်ပုံတို့ကို ” အောင်သန်း၏ အောင်ဆန်း” စာအုပ်တွင် ဖတ်ဖူးကြပါလိမ့်မယ်။ နတ်မောက်မြို့ ဟာ တောမြို့ကလေးတမြို့ ဖြစ်ပြီး အဲဒီတုန်းက အမျိုးသမီးကြီးများဟာ အားလပ်တဲ့ အချိန်တွေမှာ တစ္ဆေ မှင်စာ သရဲသဘက် ဘုတ် ပြိတ္တာ အကြောင်းကို ဒဏ္ဍာရီ ပုံပြင်များ လို ပြောလေ့ ပြောထ ရှိတတ်ပါတယ်။ နတ်မောက်မြို့ အရှေ့ပိုင်းရပ်ရှိ အမေစု ရဲ့အိမ်ဝန်းကျင်မှ ဒေါ်ကြီး ဒေါ်လေးတို့လည်း အဲဒီလို သရဲသဘက်ပုံပြင်များကို အားပါးတရ လျှာ လိပ်ပါးလိပ် ပြောကြရာ ကိုအောင်ဆန်းအဖို့ ထိုဒဏ္ဍာရီဇာတ်လမ်းများကို မကြားချင်အဆုံး ဖြစ်နေခဲ့ပါတယ်။ ဘယ်လောက် ပဲ နားလျှံအောင် ကြားရလည်း ကိုအောင်ဆန်းအဖို့ နာနာဘာဝ များကို အကောင်အထည်နှင့်တကွ တွေ့မြင်ရခြင်း မရှိ ခဲ့လို့ လုံးဝအယုံအကြည် မရှိခဲ့ပါဘူး ။
ဒီလိုနဲ့ ပူအိုက်လှသော နွေရာသီ နေ့တစ်နေ့ မှာ ကိုအောင်ဆန်း ဦးသောဘိတ ကျောင်းတွင်နေစဉ်က သူနဲ့ ကျောင်းနေ ဘက်သူငယ်ချင်းများဖြစ်ခဲ့တဲ့ ကြွက်ကဒိုး (ကုန်သည်ကြီး ဦးဘအေး) ၊ ဖိုးနီ(ကျောင်းဆရာ ဦးဖိုးနီ)၊ မောင်ညာ(ကုန် သ ည် ဦးညာပွား)၊ မောင်ညို(မြွေအလမ္ပယ်ဆရာ ဦးညို) နဲ့ ရန်ဒါး (ယခုရန်ကုန်မြို့ ကမာရွတ်တွင်နေထိုင်သူ ကပေါင်းကု န်းကြီးရွာသား ရန်ဒါး) စတဲ့သူငယ်ချင်းများ နဲ့အတူ ဂျင်းသုပ်သည် ဒေါ်စော အိမ် မှာ စုဝေးကာ ထွေရာလေးပါး စကားစမြ ည်များ ပြောဆိုနေရင်း ကနေ ဒီလောကမှာ တစ္ဆေ သရဲရှိတယ်ဆိုတာ မင်းတို့ ယုံကြသလား ..ငါတော့ လုံးဝ မယုံဘူး .. ဒါကြောင့် .. ငါ ဒါတွေကို ကြောက်လဲ မကြောက်ဘူး ..ဂရုလဲ မစိုက်ဘူး…လို့ ကိုအောင်ဆန်းက အများနဲ့ ဆန့်ကျင်ပြီး ပြောလိုက်တယ်။
ဒါနဲ့ သူတို့ထဲက အသက်အကြီးဆုံးဖြစ်သူ ကြွက်ကဒိုး က …… မယုံ မရှိနဲ့ မောင် ..တခါက ငါ့ကို မြို့ရဲ့ အရှေ့ဖျားက မယ် စာပင် ခေါ်တဲ့ သရက်ပင်ကြီးအောက်က သရဲခြောက်လို့ ပြေးလိုက်ရတာ တင်ပါး နဲ့ ဖဝါး တသားထဲကျသွားတာပဲ .. …. အဲဒါ သရက်ပင်အောက် ခွေးတစ်ကောင်က မင်းကိုမြင်လို့ လန့်ပြေးတာ ..မင်းက သရဲခြောက်တယ်ထင်ပြီး ထွက်ပြေး တာ ဖြစ်မှာပေါ့ .. သရဲဆိုတာ တကယ် မရှိဘူး .လုံးဝ မယုံဘူး ..ရှိလဲ မရှိဘူး … ဒါကြောင့် ကြောက်စရာလဲ မလိုဘူး ……လို့ ကိုအောင်ဆန်းက ပြောလိုက် တယ်။
ကောင်းပြီ..ဒီလိုဆိုရင် ည(၁၀)နာရီအချိန်လောက်မှာ မင်းတစ်ယောက်တည်း သင်္ချိုင်းကို သွားရဲလား .. ဆန်း … သွားရုံ မက .. ဟိုဘက် ဆယ်ဘူတာလောက်လွန်သွားသေးတယ်..ငါသွားရဲရင်..မင်းတို့က ငါ့ကို ဘာများ ဆု ပေးကြမလဲ … မောင်ညာ … မင်း သွားရဲရင် မင်း ရန်ကုန်ကောလိပ်ကျောင်း အပြန်မှာ နတ်မောက်-ရန်ကုန် မီးရထား ပထမတန်း လက် မှတ်ကို ဒို့တတွေက စုဝယ်ပေးမယ် ..ကဲ ဘယ်နှယ့်လဲ .. ဆန်း … ကောင်းပြီ..စိန်လိုက်.. မင်း .. ဒီည (၁၀)နာရီ တိတိမှာ မြို့လည်ခေါင်ဝတ်ဇရပ်နားက ဂုံးတံတားက စထွက်ပြီး သင်္ချိုင်းအလယ်မှာရှိတဲ့ မင်းဖခင် ဦးဖာရဲ့ အုတ်ဂူပေါ်မှာ ဦးဖာရဲ့ သက်စေ့ ဖရောင်းတိုင် ထွန်းညှိရမယ်..ဖရောင်းတိုင် အားလုံးထွန်းပြီးရင် ဒီတံတားကို ပြန် လာရမယ်.. ဒီတံတာမှာ ဒို့ အသင့်စောင့်နေမယ်.. မင်းပြန်ရောက်ရောက်ခြင်း မင်းတကယ် လုပ်မလုပ် ဒို့အားလုံး ပြန် သွားကြည့်မယ်..မင်းသွားရင်တော့ အဖော်တစ်ယောက်မှ ခေါ်မသွားရဘူး .. အောင်ဆန်း – ကောင်းပြီ..ည(၁၀)နာရီ ငါ့အဖေရဲ့ အုတ်ဂူပေါ်မှာ သက်စေ့ဖယောင်းတိုင်(၆၄)တိုင် နဲ့ မီးညှိဘို့ မီးခြစ်သာ အဆင်သင့်ပြင်ထားကြ .. ငါလာခဲ့မယ်.. ဒီတချီတော့ တစ္ဆေ သရဲ ယုံတဲ့ မင်းတို့တတွေကို ငါ ကျွတ်အောင် ချွတ်ပြမ ယ် …လို့ ပြောရာကနေ ယခုလို လက်တွေ့ သက်သေပြခဲ့လိုက်တာဖြစ်ပါတယ်။
( ကိုအောင်ဆန်းဟာငယ်ရွယ်စဉ်က ဘယ်လောက်ပဲ ကြောက်တတ် ကြောက်တတ် ကျောင်းသားဘဝ ရောက်လာတဲ့ အရွယ် မှာ ကြောက်မွေးဟူသမျှကို ဇာဂနာ နဲ့ အပြောင်အစင် သုတ်သင် နှုတ်ပယ် ပစ်ကာ အမိမြန်မာနိုင်ငံကြီး သူ့ ကျွန် ဘဝမှ လွတ်မြောက်လာတဲ့အထိ လွတ်လပ်ရေး အောင်ပန်းကို ဆွတ်လှမ်းပေးခဲ့တာဟာ သူရဲ့အကောင်းအဆိုး အကြော င်းအကျိုး ဆင်ခြင်ခွဲခြားနိုင်ပြီး ရဲရင့်တဲ့ စိတ်ဓါတ်ကြောင့်ပဲ ဖြစ်ပါတော့တယ်။ )
ကိုးကား ။ ။စည်သူကျော်ထင်(အိုးဝေဂျာနယ်)
Comments
Post a Comment