Featured post

ရထားပေါ်ပြေးတက်စဉ် ပြုတ်ကျရထားကြိတ်ခံရသူ ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့

(သေဆုံးသူ၏ မိသားစုဝင်များသိရှိရန် ဆေးရုံတွင် သေဆုံးအလောင်းထုတ်ယူနိုင်ရန် မျက်နှာနဲ့တကွ ပုံဖော်ပြခြင်းဖြစ် ပါတယ်)

ဖြစ်စဉ်မှာ ၃၀.၄.၂၀၁၇ရက် ညနေ၅:၄၅အချိန် မြစ်သားမြို့ ဘူတာတွင် မန္တလေးမြို့ဟောင်းဘူတာမှ သာစည်ဘူတာ သို့ပြီးဆုံးမည့်ခရီးစဉ်ဖြစ်ပါသည်။ အမှတ်(၂၄)အစုန်လော်ကယ်ရထားပေါ်ကို မြစ်သားဘူတာမှလိုက်ပါမည့် ကိုကျော်စိုးဦး ဆိုသူ အသက် (၄၄) နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ရထားထွက်ခွါစဉ် ရထားပေါ်ပြေးတက်ရင်းခြေချော်ပြုတ်ကျကာရထားကြိတ်ခံရသည်။

ယာပေါင်ကြေမွဒဏ်ရာ ဝဲဒူးခေါင်းကြေမွဒဏ်ရာများရရှိကာ မြစ်သားဆေးရုံမှ တဆင့် မန္တလေးဆေးရုံကြီးကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပို့ဆောင်ပေးခဲ့ပါတယ်။ မန္တလေးဆေးရုံမှာ တက်ရောက်ကုသမှုခံယူရင်း ၁-၅-၂၀၁၇ ရက် နေ့လည် ၃:၀၀အချိန်က သေဆုံးသွားခဲ့ပါတယ်။ သေ ဆုံးသူရဲ့ မိဘဆွေမျိုးများအနေဖြင့်ဆက်သွယ်သိရှိနိုင်စေရန် share ခြင်းဖြင့်ကူညီနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါတ ယ်။

Source: KGM@Maung Mon Aung

Comments