Featured post

မြန်မာက ကမ္ဘာ့အဆင့် ၃၂ ရှိ၍ စင်ကာပူနှင့် မလေးရှား၏အထက်တွင် ရပ်တည်လျက်ရှိ

Global Fire Power (GFP) က တပ်မတော်စွမ်းအား အဆင့်သတ်မှတ်ရာ မြန်မာနိုင်ငံက စင်ကာပူ နဲ့ မလေးရှား ရဲ့ အထက်မှာ ရပ်တည် ကမ္ဘာ့နိုင်ငံ ၁၂၇ နိုင်ငံ ရှိတဲ့ အထဲမှာ တပ်မတော်စွမ်းအား Global Fire Power (GFP) က အ ဆင့်သတ်မှတ်ရာ မြန်မာနိုင်ငံက အဆင့် ၃၂ မှာ ရှိနေပြီး စင်ကာပူ နဲ့ မလေးရှားရဲ့ အထက်မှာ ရပ်တည်လျက်ရှိတယ်။ GFP က တပ်မတော်စွမ်းအား အဆင့်သတ်မှတ်ရာမှာ တပ်မတော်မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ တပ်သားအင် အား၊ နိုင်ငံအတွင်း တာဝန်ထမ်းဆောင်နိုင်စွမ်းရှိတဲ့ လူဦးရေပမာဏ၊ နိုင်ငံတော်ကြွေးမြီပမာဏ၊ ကာကွယ်ရေး အသုံးစ ရိတ်၊ ရေနံထုတ်လုပ်မှု၊ ရေနံသုံးစွဲမှု၊ သိုလှောင်ရေနံပမာဏအစ ရှိတဲ့ အချက် ၅၀ ချက်ပေါ် အခြေခံပြီး နိုင်ငံတနိုင်ငံရဲ့ စစ်ရေးစွမ်းအား ညွှန်ကိန်းရမှတ်ကို သတ်မှတ်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးတော့ နိုင်ငံတနိုင်ငံရဲ့ လက်နက်ပမာဏအပေါ်မူတည်ပြီး တွက်ချက်ခြင်းမဟုတ်ဘဲ ပမာဏထက် လက်နက်အမျိုး အ စားစုံလင်မှု၊ ပထ၀ီအနေအထား၊ လက်နက်နဲ့ စားနပ်ရိက္ခာထောက်ပို့ရန် လွယ်ကူအဆင်ပြေမှု၊ သဘာဝသယံဇာတနဲ့ ပြည်တွင်းထုတ်ကုန်စွမ်းအားများကိုလည်း ထည့်သွင်းတွက်ချက်ထားတယ်လို့ သိရတယ်။

အမေရိကန်နဲ့ ဥရောပသမဂ္ဂ (EU) နိုင်ငံတွေက မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုများကို ဒီမိုကေ ရစီ အသွင်ကူးပြောင်းမှုနောက်ပိုင်းမှာ ရုပ်သိမ်းပေးခဲ့သော်လည်း လက်နက်ရောင်းဝယ်မှုကို ဆက်လက်ပိတ် ဆို့ထားဆဲဖြ စ် တယ်။ EU ရဲ့ လက်နက်အရောင်းအ၀ယ်ပိတ်ဆို့မှုဟာ မတ်လ ၇ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး သက် တမ်း ထပ်တိုးမည်လော (သို့မဟုတ်) ရုပ်သိမ်းမည်လောဆိုခြင်းကို EU က မထုတ်ပြန်သေးချေ။ အမေရိကန်နဲ့ ရုရှားက အဆင့် ၁ နဲ့ ၂ ဖြစ်ပြီး တရုတ် နဲ့ အိန္ဒိယတို့က ကမ္ဘာ့အဆင့် ၃ နဲ့ ၄မှာ အသီးသီးရပ် တည်နေတယ်။ မြောက်ကိုရီးယားက အဆင့် ၂၃ ရပ်တည်နေပြီး ဘင်္ဂလားဒေ့ရှ်မှာ အဆင့် ၅၂ မှာ ရပ်တည်နေပါတယ်။

Comments