Featured post
- Get link
- X
- Other Apps
နေပြည်တော် ဇေယျာသီရီမြို့နယ် မိုင်တိုင် ၂၅၄ နှင့် ၂၅၅ ကြား၌ မန္တလေးမှ ရန်ကုန်စို့ ဦးတည်မောင်းနှင်လာသည့် ၁၀ ဘီးကားသည် တနေ့တာ တာဝန်ပြီးဆုံး၍ အိမ်ပြန်သည့် ရဲမေနှစ်ဦး စီးနင်းလာသော မော်တော်ဆိုင်ကယ်နှင့် မျက်နှာ ချင်းဆိုင်တိုက်မိ၍ ရဲမေတဦး နေရာတွင်ပင် သေဆုံးခဲ့ရပြီး ကျန်ရဲမေမှာ နေပြည်တော် ကုတင်တထောင်ဆေးရုံတွင် စိုး ရိမ်ရ အခြေအနေဖြင့် ကုသမှုခံယူလျက်ရှိသည်။
“သူတို့က ဆိုင်ကယ်စီးဦးထုတ်ဆောင်းလာပါတယ် ပြီးတော့ တာဝန်ချိန် ကားသမားကမမှားဘူး သူတို့က ကားကြီး ကိုကျော်တက်တာ တက်ရင်းနဲ့ ဆိုင်ကယ်ဘီးပေါက်ပြီး တစ်ဖက်ကားကိုသွားအောင်းတာပါ ။
ကားသမားလဲ ပြသနာမတက်စေချင်ဘူး ရဲမေတွေလဲ အပြစ်မဖြစ်အောင်လို့ပါ။ ရဲမေတွေက မှားတာယမှန်ပါတယ် တစ်ဖ က်လမ်းကျော်ကိုရောက်သွားတာ။
ဒါပေမယ့် သူတို့ဆိုင်ကယ်ဘီးပေါက်သွားတာပါ ပြီးတော့ တိုက်ပြီးပြီချင်း ဆိုင်ကယ် မီးထလောင်ပါတယ် လောင်တော့ တစ်ဖက်ကားသမားက နောက်နဲနဲဆုတ်လိုက်တယ် ” အဲ့တာကအတိကျပါ . . . တစ်ချို့ကကားသမားကိုဆဲတယ် . . တစ်ချို့ကရဲမေတွေကိုဆဲကြပါတယ်။ အဲ့လိုမဖြစ်စေချင်လို့ပါ နားလည်ပေးစေချင်ပါတယ်ခင်ဗျာ . .။
မြတ်မင်းစံ
ကျိုက်မရော/မုဒုံ သတင်းစံ
ZMT
Comments
Post a Comment