Featured post

ရှမ်းပြည်​​တောင်​ပိုင်း​ဒေသ ​တောင်​ကြီး-ဟိုပုံး-မိုင်းပွန်​-လွိုင်​လင်​….လမ်း​ရဲ့တစ်​​နေရာ

မိုင်းပွန်​နဲ့လွိုင်​လင်​ကြားက​ခေါင်​နွဲ့ရွှာ အ​ပေါ်​ကွေ့​လေး​တွေနား​ရောက်​ရင်​ သတိထားပြီးကား​မောင်း​ပေးကြပါ (ကားဆရာ အ​ပေါင်း)….တို့​​ရေ

တစ်​ချို့​နေ့ခင်းပိုင်း​တွေမှာ လမ်းမအလယ်​​ပေါ်ထိုင်​ပြီး ​​တောင်းရမ်း​နေတဲ့ လူငယ်​​လေး တစ်​​ယောက်​ကို မြင်​​တွေ့ခဲ့ရင်​ သင်​သာ(ကားသမား)…ဆိုရင်​ ဘယ်​လို ​တွေးမိသလည်း?

ကျ​နော်​က အစပထမ ဆုံတုန်းက​တော့ စိတ်​ထဲက​နေ ဘာလဲဟ​ပေါ့…. အမှန်​​တော့ မသန်​စွမ်းလို့ ပိုက်​ဆံထွက်​​တောင်း တာပါ။ ကြုံလာတာများလာ​တော့ ဒီ​ကောင်​​လေးကို ကျ​နော်​နာမည်​​ပေးမိတယ်​။ “အသက်​နဲ့ရင်းပြီး ​တောင်းရမ်းသူတစ်​​ယောက်​လို့” ဟုတ်​တယ်​…

အဲ့ဒီ​ကောင်​​လေးက​ခြေ​ထောက်​မသန်​ဘူး ပိုလီယိုဖြစ်​​နေတယ်​… လမ်းလယ်​​ခေါ်င်​ထိ ထိုင်​ပြီးသူ့ဘဝသူနိုင်​သ​လောက်​ သူ့ဝမ်းသူ​ကျောင်းတယ်​။

အရက်​မူး​နေတဲ့ ကားသမား.. ဆေး​ကြောင်​​နေတဲ့ကားသမား… သတိ​လျော့​ပေါ့တဲ့ကားသမား.. တစ်​​ယောက်​​ယောက်​က တိုက်​သွားရင်​လည်း မ​ရှောင်​နိုင်​တဲ့ လူတစ်​​ယောက်​။ သူ​တောင်းစား​တွေထက်​ အဆင့်​မြင့်​တယ်​အသက်​နဲ့ရင်းပြီး လမ်းလယ်​​ခေါ်င်​တက်​ အလယ်​မှာထိုင်​​တောင်းတာ​နော်​။ ဝီစီမှုတ်​….ထွက်​တား​ငွေညစ်​တဲ့​ကောင်​​တွေ… အာဏာရှိ ဝန်​ထမ်းလိုလို.. ဖြတ်​ပိုင်း​ပေါင်းစုံနဲ့​ငွေ​တောင်း တဲ့​ကော င်​​တွေ…… တိုးလ်​ဂိတ်​​က​ကောင်​​တွေ…. မြို့ဝင်​ဘီးခွန်​…​ပေးရတဲ့​ကောင်​​တွေထက်​ ပို အဆင့်​မြင့်​တယ်​။

လမ်းမအလယ်​မှာထိုင် အသက်​ရင်းပြီးထိုင်​​တောင်း​နေတဲ့ စ​ကေးကို ဘယ်​တိုးလ်​ဂိတ်​က​ကောင်​​တွေ..ကားဆရာဆီက​နေ ပိုက်​ဆံလိုချင်​တဲ့ ဘယ်​အဖွဲ့အစည်းကမှ အသက်​မရင်းရဲဘူး။

ထောင်​နှုတ်​ခမ်း​ပေါ်မှာ အသက်​ရင်းပြီး ကား​မောင်းစားတဲ့ ကျ​နော်​လို ဒရိုင်​ဘာအတွက်​​တော့ အသက်​ရင်းပြီး ​တောင်းရမ်း တဲ့ လူငယ်​​လေးကို ပိုက်​ဆံ​လေး​တွေပဲ ပြစ်​ချပြီး ​ကားကိုပဲ​ရှောင်​​မောင်းခဲ့ပါတယ်​ဗျာ။ လမ်းလယ်​​ခေါ်င်​အထိတက်​ထိုင်​ပြီး အသက်​ရင်းပိုက်​ဆံ​တောင်း​နေတဲ့လူငယ်​​လေးတစ်​​ယောက်​ကို သင်​တို့မြင်​ခဲ့ရင်​…..

Source : ‎Jo Ker‎

Comments