Featured post

ပဲခူးမြို့ညကို မင်းမဲ့စရိုက်​ဆန်​ဆန်​အကျည်းတန်​​စေခဲ့​သော လူမိုက်​​တစုလုံးနီးပါးကို ရဲကဖမ်းမိလိုက်​ပြီ

ပဲခူးမြို့၊မြို့မရဲစခန်းအပိုင် ​၊ လိပ်​ပြာကန်​ပတ်​လမ်းတွင်​ (4.5.2017)​ နေ့၊ည (113း0) အချိန်​ခန့်​က ဂီတာတီးသီချင်းဆို သည့်​ လူငယ်​များအား အမည်​မသိလူတစ်​စုမှ ၀ိုင်းဝန်းရိုက်​နှက်​သွား​ကြောင်းသတင်းရရှိသည်။

ပဲခူးမြို့မရဲစခန်းမှစခန်းမှူး ဒုရဲမှူးနိုင်​စိုး၊နယ်​ထိန်း​ခေါင်း ဆောင်​ ဒုရဲအုပ်​ကိုကို​ဇော်​နှင့်​နယ်​ထိန်းတပ်​ဖွဲ့ဝင်​များသည်​သက်ေ သများနှင့်​အတူ သွား​ရောက်​စစ်​​ဆေးခဲ့ ရာ သူရ၀င်း(23)နှစ်​၊(ဘ)ဦး​အောင်​ရဲ၊အင်းဝင်​(၁၄)လမ်း၊ နန်း​တော်​ရာရပ်​ကွက်​ ၊ ပဲခူးမြို့ ၊ ဖြိုးကိုကိုဝင်း(၂၃)နှစ်​၊(ဘ)ဦးကြည်​၀င်း၊ဒရယ်​ဘို​ကျေးရွာ၊လှည်းကူးမြို့နယ်​ ​နေသူ၊စည်​သူလွင်​(၂၂)နှစ်​၊(ဘ) ဦး ကံထွန်း၊ဆိုရှယ်​လစ် လမ်း(၂၀)၊ပဲခူးမြို့၊​ကောင်းမြတ်​​ကျော်​(၂၄)နှစ်​၊(ဘ)စိစစ်​ဆဲ၊ပြည်​​တော်​​အေး​ကျေးရွာ ၊ ပဲခူး မြို့၊​နေ လင်း​အောင်​(၂၄) နှစ်​၊(ဘ)ဦးတင်​စိုး၊ရှမ်းတန်းကုန်း​ပေါ်တန်းလမ်း၊ပဲခူးမြို့နယ်​​နေသူတို့(5)ဦး ဂစ်​တာထိုင်​တီးသီချင်းဆို နေစဉ်​ အမည်​မသိလူ(7)ဦးမှ ဆိုင်​ကယ်​ဖြင့်​​ရောက်​ရှိလာသည်။

သူရ၀င်းတို့ (5) ဦးအား “မိုက်​တဲ့​ကောင်​​တွေက မင်းတို့လား´´ဟုဆိုကာ သံတုတ်​၊လျှပ်​စစ်​ကျင်​စက်​၊ဓား​မြှောင်​များဖြင့်​ ရိုက်​နှက်​ခဲ့ပြီး သူရ၀င်းတို့အနီးတွင်​ ထိုင်​ နေ​သော ရဲနိုင်​(27)နှစ်​၊(ဘ)ဦးစိုးလွင်​၊​ဝေါလမ်း၊ဘုရားကြီးမြို့၊ရဲကို(26)နှစ်​၊(ဘ)ဦးစန်းဦး၊ပ​ဒေသာရပ်​ကွက်​၊ဘုရားကြီးမြို့​နေသူတို့ (2) ဦးကိုပါ ထပ်​မံ၍ ဓားဖြင့်​ ထိုး၊သံတုတ်​ဖြင့်​ရိုက်​နှက်​မှုဖြစ်​ပွားခဲ့သည်။

သူရ၀င်း၊စည်​သူလွင်​၊​ကောင်းမြတ်​​ကျော်​၊ရဲနိုင်​၊ရဲကိုတို့တွင်​ဒဏ်​ရာများရရှိခဲ့သဖြင့်​ ပဲခူးပြည်​သူ့​ဆေးရုံကြီးတွင်​ အတွင်း လူနာ (မစိုးရိမ်​ရ) ဖြင့်​​ဆေးကုသမှုခံယူလျှက်​ရှိသည်။ ဖြိုးကိုကိုဝင်​တွင်​ ​ကျောကုန်းထိုးသွင်းဒဏ်​ရာတစ်​ချက်​ရရှိခဲ့သဖြင့်​ အတွင်းလူနာ (စိုးရိမ်​ရ)ဖြင့်​​ဆေးကုသမှုခံ ယူလျှက်​ရှိပြီး ဖြစ်​စဉ်​မှ တရားခံများအားဖမ်းဆီးရမိ​ရေး အတွက်​ လိုက်​လံရှာ​ဖွေဖမ်းဆီးခဲ့ရာ သားကြီး(ခ)သားသီဟ(17)နှစ်​၊(ဘ)ဦး တင်​သိန်း၊ဥဿာမြို့သစ်​(၂)ရပ်​ကွက်​၊နန်းဦးလမ်းသွယ်​(၄)လမ်း​နေသူပါ (7) ဦးဟုသိရှိခဲ့ရသည်။

ကျန်​တရားခံများအားလိုက်​လံဖမ်းဆီးခဲ့ရာ သက်​​ဇော်​​ထွေး (17) နှစ်​၊ (ဘ) ဦးတင်​သိန်း၊​ရွှေဂူ​လေး(၂)လမ်း၊​မြေ တိုင်း (2)၊ဥဿာမြို့သစ်​(၁)ရပ်​ကွက်​၊ပဲခူးမြို့၊တင်​ထွန်း​အောင်​(18)နှစ်​၊(ဘ)ဦးချစ်​ခင်​၊နန်းဦးလမ်းသွယ်​(4)လမ်း၊​မြေတိုင်း (၂)၊ဥဿာမြို့သစ်​(၁)ရပ်​ကွက်​၊ပဲခူးမြို့၊​အောင်​​ကောင်းမြတ်​(20)နှစ်​၊(ဘ)ဦးဝင်းနိုင်​၊ဗိုလ်​ချုပ်​​အောင်​ဆန်း(1) လ မ်း၊​မြေတိုင်း(၂)၊ဥဿာမြို့သစ်​(၁) ရပ်​ကွက်​၊ပဲခူးမြို့၊ထွန်းသူရ​ဇော်​(22)နှစ်​၊(ဘ)ဦး​ဇော်​မင်း လွင်​၊သီသန့်​(၃)လမ်း၊ ဥဿာမြို့သစ်​(၁)ရပ်​ကွက်​၊ပဲခူးမြို့၊စွမ်းညီထူး(17)နှစ်​၊ ဦးသန်းထိုက်​၊ဗိုလ်​ချုပ်​​အောင်​ဆန်း၊ဥဿာမြို့သစ်​(2)ရပ်​ကွက်​၊ပဲခူးမြို့​နေသူတို့အားဖမ်းဆီးရမိခဲ့သည်။

စခန်းမှ (ပ) ၇၂၃/၂၀၁၇ ရာဇသတ်​ကြီးပုဒ်​မ ၃၂၆/၃၂၅/၁၁၄ အရအမှုဖွင့်​အ​ရေးယူကာ ကျန်​ရှိတရားခံများအား ဖမ်းဆီး ရမိ​ရေး​ဆောင်​ရွက်​လျှက်​ရှိကာ ဖြိုးကိုကိုဝင်းမှာ ရရှိ​သောဒဏ်​ရာများဖြင့်​​ဆေးရုံတွင်​ ယ​နေ့(5.5.2017)​နေ့ နံနက်​ပိုင်း က​သေဆုံးသွားခဲ့သည်။

စခန်းမှစခန်းမှ ရာဇသတ်​ကြီးပုဒ်​မ ၃၀၂ဖြင့်​​ပြောင်းလဲအမှုဖွင့်​အ​ရေးယူ ထား​ကြောင်းနှင့်​ “ပဲခူးတံတားထိပ်​တွင်​ ဆိုင်​ကယ်​မီးရှို့”မှုကိုလည်းထပ်​မံတင်​ပြ​ပေးပါမည်​။

Source : Ko Thant Zin

Comments