Featured post

အားကိုးအားထိုက်ပြုလောက်သော ခင်ပွန်းအလိုရှိသည်

အသက် ၄၀ အပျိုကြီးတစ်ယောက် သတင်းစာထဲမှာ ကြော်ညာထည့်သည် “အားကိုးအားထိုက်ပြုလောက်သော ခင်ပွန်း အလိုရှိသည် ” တဲ့သတင်းစာမှာ ကြော်ညာထားသည်။ 😆😆😆

၁။ အရက်မသောက်ရ

၂။ဆေးလိပ်မသောက်ရ

၃။မိန်းမမလိုက်စားရ

၎။ဖဲမရိုက်ရ

၅။အသက် ၄၅ထက်မကြီးရ

၆။လူပျိုဖြစ်ရမည်

အထက်ပါအချက်လက်များပြည့်စုံပါက အောက်ပါလိပ်စာအတိုင်းဆက်သွယ်ပါ။

နောက်နေ့မနက်ရောက်တော့ အိမ်ရှေ့မှာ တံခါးလာခေါက်သည်။ ဖွင့်ကြည့်လိုက်တော့ အရက်ကို အလွန်အကျွံမူးနေေ အာင်သောက်ထားသောသူတစ်ယောက်ဖြစ်နေသည် ပါးစပ်တွင်ဆေးပေါလိပ်ခဲထားသည်။

အပျိုကြီးက မေးလိုက်သည် … ဘာကိစ္စတုန်း .. အာလေးရှာလေးနဲ့အမူးသမားပြန်ဖြေသည် ။ ဒီလိုပါ ကျုပ်သတင်းစာထဲ မှာ ခင်ဗျားကြော်ညာတွေ့လို့လာခဲ့တာပါ။

အပျိုကြီးက ၀မ်းသာအားရနှင့်

အပျိုကြီး – ရှင်!!!!!!! ဟုတ်လား ဒါဆိုရှင်က အရက်မသောက်တတ်ဘူးပေါ့

အမူးသမား – မှောက်သွားတဲ့ထိသောက်တယ်

အပျိုကြီး – ဟင် … ဒါဆို ဆေးလိပ်မသောက်တတ်ဘူးပေါ့

အမူးသမား – ခုတောင်ခဲထားတာမတွေ့ဘူးလား မပြတ်တမ်းသောက်တယ်

အပျိုကြီး – ဒါဆို ဖဲမရိုက်တတ်ဘူးပေါ့

အမူးသမား – အခုပဲဖဲဝိုင်းက ထလာတာ

အပျိုကြီး – မိန်းမတော့ မလိုက်စားတတ်လောက်ပါဘူး

အမူးသမား – သူငယ်ချင်းမိန်းမတောင်မရှောင်ဘူး

အပျိုကြီး – အသက်ကတော့ ၄၅နှစ်မကျော်သေးပါဘူးနော်

အမူးသမား – ၅၀ပြည့်တော့မယ် လပိုင်းပဲလိုတော့တယ်

အပျိုကြီး – ဒါဆို လူပျိုတော့ဟုတ်တယ်မလား

အမူးသမား – မိန်းမ ယူတာ နှစ်ယောက်ရှိပြီ ကွာရှင်းထားတာခုက

အပျိုကြီး – ဒါဆို ဘာလို့လာနေသေးတာလဲ သေနာကျရဲ့ %^&*$%$#

အမူးသမား – ကျုပ်ကိုမမျှော်လင့်နဲ့လို့လာပြောတာ … ။

Credit Ko Ko Naing

ကျော်သက်ထွေး

Comments