Featured post
- Get link
- X
- Other Apps
အိန္ဒိယ နိုင်ငံ တွင် လူများ ပျောက်ဆုံး ကြသည်ဟု အစိုးရထံ တိုင်ကြား မှုများရှိလာရာသက်ဆိုင်ရာအာဏာ ပိုင်တို့မှ စစ်ေ ဆးမှုများပြုလုပ်ခဲ့ရပါသည်။
စုံစမ်းတွေ့ရှိသည့် နေရာသည် တောကြီးမြက်မဲ အတွင်းရှိ Tower of Silence အမည်ရှိ တွင်းကြီး တစ်တွင်း နားမှာ လူသေအလောင်းမြောက်များစွာကိုတွေ့ရှိရပါသည်။ ပါရှန်း အင်ပါရာ တန်ခိုး ထွားစဉ် အခါကZoroastrians လူမျိုးများ ဘာသာရေး အသုံးပြုသည့် နေရာဖြစ်ပြီး အိန္ဒိယ ပိုင် နယ်မြေနှင့် အနည်းငယ်ခန့် ကွာဝေးပါသည်။အလောင်းတွေကဘယ်သူတွေမှန်းမသိတော့အောင် ရုပ်တွေပျက်ယွင်း နေပါ တယ်။
သေဆုံးသွားတဲ့ လူသား ခန္ဒာကိုယ်တွေကိုသိန်းဌက်လို သတ္တဝါတွေအားစားသုံးစေခြင်းဖြင့်၎င်း သတ္တဝါတွေက ကမ္ဘာမြေ ကိုကောင်ခြင်းတွေပြန်ပေးကြလိမ့်မည်ဟု Zoro တွေ ယုံကြည်ကြပါသည်။ သို့သော် အာဏာပိုင်တွေ တွေ့ရှိစဉ်မှာယင်ကောင်တွေကလွဲလို့ဘယ်သတ္တဝါမှာအလောင်းတွေကို စားသောက် ထားခြ င်းမရှိပါ။
ရေကန်လိုတွင်းကြီးထဲမှာ လူသားတွေ ထံမှ စီးကျနေတဲ့ သွေးများ နှင့် ရေဆိုးများ ရောထွေးနေပြီး ပေပေါင်းများစွာ ပြ ည့်နေပါတယ်။ ရေကန်လိုတွင်းကြီးရဲ့ ဘေးမှာတော့ ပုတ်သိုးဆွေးမြေ့နေပြီဖြစ်တဲ့ လူသားရုပ်အလောင်း တွေနှင့် ဆိုးရွား လှတဲ့ အနံအ သက်တွေကြောင့် ဘယ်သူမှ အနားမကပ်နိုင်အောင် အော်ဂလီ ဆန်နေပါတယ်။
ဒေါသထွက်နေတဲ့ ရွာသားတစ်ချို့ မှ လူအရိုးများဖြင့် တွင်ထဲကို ပြစ် ထဲ့ကြရာ စေးထန်းပြီး အပေါ်ယံ ကြောတင်းနေတဲ့ သွေးများအောက်မှ ဓာတ်ငွေ့ တစ်မျိုးပေါက်ကွဲလွင့် ထွက်လာ ပြီး ၄င်းသွေး အစအန များက ကင်မရာ မင်းများ အပါ အ ဝင် လူတစ်ချို့ထံကို ထိ မိ ခိုက်မိပါတယ်။ သွေးများနဲ့ ထိမိတဲ့ လူတစ်ချို့ ကို ရောဂါ တစ်မျိုးမျိုး ကူးစက် မိမှာ စိုးရိမ်သည့် အတွက် ဆေးရုံသို့ခေါ်ဆောင်သွားပြီး ဆေးစစ်မှု များပြုလုပ် ခဲ့ပါတယ်။ သို့သော် သွေးများနဲ့ ထိမိတဲ့ လူများ ဟာ ကူးစက်ရောဂါ တစ်မျိုး စတင်ခံစားနေရပါပြီ သူတို့ပါးစပ်မှလည်း “Ahriman ရဲ့သွေးများ စွန်းခဲ့ပြီ” ဟုအထပ်ထပ် အခါခါ ယောင်ရမ်း ရွတ်ဆိုနေပါသည်။ Ahriman ဆိုသည်မှာ Zoro ဘာသာ ကိုးကွယ်သူလူမျိုးတွေရဲ့ကြားမှာနမ်မည်ကြီးတဲ့ မကောင်းတဲ့ နတ် တစ်ပါး ဖြစ် ပါတယ် ယောင်ရမ်းရွတ်ဆို နေတဲ့လူတွေ ဟာလည်း Ahriman နတ်ဆိုး ကိုးကွယ်သူတွေ အကြောင်းသိတဲ့ လူများမ ဟုတ်ပါ။
နောက်ပြီးသူတို့တွေဟာ ဘာကိုမှ သတိရ ပုံမပေါ်တော့ပါဘူး သူတို့ဟာလူစိတ်ပျောက်ပြီးဆးရုံဝန်ထမ်းများ ကို ခဏခဏ တိုက် ခိုက်နေသောကြောင့် ခြေတွေလက်တွေကို ခုံမှာ ကြိုးဖြင့် ချည်နှောင်ထားခဲ့ရပါတယ်။ ရောဂါ ခံစားနေရသူမျာမှာ တဖြည်းဖြည်း သေဆုံးကုန်ကြပါတယ်။ အာဏာပိုင်တွေဟာ( hazmat) ကူးစက်ရောဂါကာကွယ်သည့် ဝတ်စုံများဖြင့်သွေးရေကန် သို့ပြန်သွားပြီး လူသေအေ လာင်းများကို ရှင်းလင်းကာ ရေကန် ထဲမှ သွေးများ ကို လည်းစုတ်ထုတ် သန့်ရှင်း စေကာ မှုကင်း မှတ်တမ်း ဓာတ်ပုံများ ရိုက်ယူခဲ့ကြပါသည်။ 19th January 2003 အိန္ဒိယ မှုခင်း တစ်ခုကိုဖေါ်ပြခြင်းဖြစ်သည်။
သံဇဉ်မိုးဇတ် (MyMedia)
Comments
Post a Comment