Featured post
- Get link
- X
- Other Apps
မျဉ်းကျား မှာ လူသွားလူလာဖြတ်သန်းချင်ရင် ကား တွေရပ်နိုင်တဲ့ အဆင့်မြင့် နည်းစနစ် ပါတဲ့ တိုင်တွေစိုက်ထူပေးမှာ ဖြစ်ပါတယ်။
ရန်ကုန် မှာ လမ်းဖြတ်ကူးချင်ရင်ကားတွေ ရပ်တန့်ပေးဖို့ အချက်ပြစနစ်ပါဝင်တဲ့တိုင် ၃၀ဝ ကျော်ကိုသည် သုံးလ အတွင်းတပ်ဆင်ပေးမှာဖြစ်တယ်။ သည်နေ့ကျင်းပတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် မှာ ကျောက်တံတားမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြလှစံ က လူကူးမျဉ်းကျားများ၊ လူကူးမီးပွိုင့်အချက်ပြများ၊ ယာဉ်ကြောရှင်း လင်းရေးနှင့် စည်းကမ်းချိုးဖောက်တဲ့ ယာဉ်များအတွက်ယာဉ်ထိန်း ရဲပိုမိုချ ထားပေးဖို့ မေးမြန်းချက်ကို ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင် စိုး ကိုယ်စား စီမံ/ဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်းက ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ကျောက်တံတားမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြလှစံ က ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်တော်တော်များများမှာ ပျောက်ဆုံးနေတဲ့ လူကူးမျဉ်းကျား မှာတပ်ဆင်ထားတဲ့ မီးပွိုင့်အချက်ပြ မီးများပြန်လည် တပ်ဆင်ပေးနိုင်ဖို့နဲ့ မျဉ်းဝါလိုင်းများအမြန်ဆုံးရေးဆွဲဖို့ လူရုပ်ပုံပါတဲ့ အယ်လ်အီးဒီများတပ်ဆင်ပေးဖို့နဲ့ ယာဉ်ကြောရှင်းလင်း စေဖို့ဝန်ထမ်းအလုံအလောက်ချထားပေးဖို့ လမ်းစည်းကမ်း ယာဉ်စည်းကမ်း ချိုးဖောက်တဲ့ ယာဉ် များကို စည်းကမ်း နဲ့ အညီစီမံဆောင်ရွက်ဖို့ မေးခွန်းမေးမြန်းခဲ့တာပါ။
ဝန်ကြီးဦးမြင့်သောင်းက မျဉ်းကျားမှာကားများရပ်နိုင်တဲ့နေရာကားများ ရပ်စေလိုပါက လူသွားလာဖို့ ခလုတ်တပ်ဆင်ထားပေးပါတယ်၊ အဆင့်မြင့် Signal Lamp Patient Crossing ထည့်သွင်းပေးထား ပါတယ်၊ တိုင်ပေါင်း ၃၀ဝ ကျော်ထည့်သွင်းပေးထားပါတယ်၊နှစ်လသုံးလအတွင်းမှာ အကောင်အထည်ဖော်မှာဖြစ်ပါတယ်လို့ ပြောပါတယ်။
ရန်ကုန်မြို့ က ဆေးအရောင်တွေမှိန်နေတဲ့ လူကူးမျဉ်းကျားတွေကို ပြန်လည်ရေးဆွဲပေးမှာဖြစ်ပါတယ်။ စာသင်ကျောင်းတွေဆေးရုံတွေ ရှေ့လူကူးမျဉ်းကျားတွေမှာလည်း အချက်ပြအရုပ်မှိတ်တုတ်မီးဝါတိုင်တွေတပ်ဆင်ပေးပြီး တော့ မီးမလင်းတဲ့ မီးတိုင်တွေကိုလည်း ပြုပြင်တပ်ဆင်ပေးနေတယ်လို့ သိရပါတယ်။
ပြည်သူ့ဥယျာဉ် နက္ခတ်တာရာပြခန်းရဲ့ အရှေ့မှာမကြာခင်ဖွင့် လှစ်တော့မယ့် ယာဉ်ကြောပိတ်ဆို့မှု ထိန်းချုပ်နိုင်မယ့်ကွန်ထရိုးစင် တာရဲ့လုပ်ငန်းမှာလူကူးမျဉ်းကြားတွေမှာ လူရုပ်ပုံပါတဲ့ အယ်လ်အီးဒီ ဆိုင်းဘုတ်ထောင်ပေးဖို့ အစီအစဉ်ပါဝင်တဲ့ အပြင် မျဉ်းကျားမှာလူ သွားလာဖြတ်သန်းချင်ရင် ကားတွေရပ်နိုင်တဲ့ အဆင့်မြင့်နည်းစနစ် ပါတဲ့ တိုင်တွေစိုက်ထူပေးမှာဖြစ်ပါတယ်။
ယာဉ်ကြောပိတ်ဆို့မှုအများဆုံးနေရာတွေ၊ လမ်းဆုံလမ်းခွတွေမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေကို အဆိုင်းလိုက်ချထားပါတယ်။လိုအပ်ရင် ပွိုင့်တွေမှာ ဆိုင်ကယ်တွေထားရှိပြီး စကားပြောစက်နဲ့ အကြောင်း ကြားရင်ယာဉ်ထိန်းရဲက မော်တော်ဆိုင်ကယ် နဲ့သွားရောက်ဖြေရှင်း ပေးမယ့် အစီအစဉ်လည်းချထားပြီးဖြစ်တယ်။
၂၀၁၇ခု နှစ်အထိ ဘဏ္ဍာရေးနှစ် မတ်လ ၈ ရက်နေ့အထိစည်းကမ်း မဲ့ မော်တော်ယာဉ်ပေါင်း ၆၀၅၉ စီးဖမ်းဆီးခဲ့ပြီး ဒဏ်ကြေးငွေ ၁၆၀၉ သိန်းရရှိပါတယ်။ သုံးတန်နဲ့အထက် စည်းကမ်းမဲ့မော်တော်ယာဉ် ၂၉၉ စီး ဖမ်းဆီးခဲ့ပြီး ငွေ ၁၄၄ သိန်းကျော်ဒဏ်တပ်ခဲ့ပါတယ်။
Credit : kumudra
Comments
Post a Comment