Featured post
- Get link
- X
- Other Apps
ပေါက်တောမြို့နယ် ၊ ကြိမ်ခွေမော်ကျေးရွာ အံ့ဖွယ်လူဝင်စားထူးခြားဖြစ်စဉ် ပေါက်တောမြို့တွင် လွန်ခဲ့သော (၄)နှစ်ခ န့်က ပေါက်တောမြို့နယ် ၊ နတ်တောင်ပြင်ကျေးရွာမှ ချစ်သူနှစ်ဦး….။
(ထိုချစ်သူနှစ်ဦး၏မိဘအမည်နှင့်ကာယကံရှင်အမည်နှင့်မှတ်တမ်းဓါတ်ပုံများနောက်တင်ပြပေးပါမည်) မှာ အကြောင်းအ မျိုးမျိုးကြောင်း မဆုံဖြစ်ကြ၍ ရွာအပြင်ဘက်ကောက်ရိုးပုံဘေးတွင် အဆိပ်စား သေဆုံးပြီးနောက် ပေါက်တောမြို့နယ် ၊ နတ်တောင်ပြင်ကျေးရွာနှင့် (၂)မိုင်ခန့်ဝေးသော ကြိမ်ခွေမော်ကျေးရွာနေ ဦးမောင်ညွန့်တင် နှင့် ဒေါ်သန်းသန်းယဉ်တို့ထံ တွင် ယောင်္ကျားဖြစ်သူက၀င်စားပြီး ၊ တစ်ရွာတည်းနေ ဦးဦးသန်းမောင် ဇနီး ဒေါ်ခင်ခင်သန်း တို့ထံတွင် မိန်းခလေးဖြစ်သူ ၀င်စားကာ ယခုအချိန် (၃)နှစ်အရွယ်ကလေးအဖြစ် ကျန်းမာစွာရှင်သန်လျက်ရှိပါသည်။
အဆိုပါချစ်သူနှစ်ဦး၏ ယခုဘ၀အမည်များမှာ မောင်ဖြူသန်းလင်း နှင့် မပုပုသန်း တို့ဖြစ်ကြသည်။
သူတို့နှစ်ဦးသည် အသက်အရွယ်နှင့် မလိုက်အောင် လူကြီးဆန်ကြပြီး တစ်ဦးနှင့်တစ်ဦးချိန်းတွေ့ခြင်း များပြု လုပ် ခဲ့ ကြသည်။
ချိန်းတွေ့သည်ဆိုရာတွင် ကလေးမပျောက်သည်ဟု မိဘများလိုက်ရှာတိုင်း ယောင်္ကျားကလေးအိမ်ကိုရောက်နေ တတ်ခြ င်းယောင်္ကျားကလေးပျောက်သည်ဟု မိဘများလိုက်ရှာတိုင်း ကောင်းမလေးအိမ်ကိုရောက်နေတတ်ခြင်းများဖြစ်ပြီး နောက် ဆုံးစကားပြောတတ်အရွယ်(ယခု ၃ နှစ်အရွယ်) သို့ရောက်သောအခါ ယခုဘ၀မိဘများကို ကိုယ်စီကိုယ်စီဘ၀ေ ဟာင်း အကြောင်းများကို ဖွင့်ပြောကြပြီး လက်ထပ်ပေးရန်အတင်းတောင်းဆို ကြောင်း …။
လက်ထပ်မပေးပါက ယခငဘ၀ကကဲ့သို့ အဆုံးသတ်သေမည်ဖြစ်ကြောင်း အကြိမ်ကြိမ် တောင်းဆိုသဖြင့် အထက်ဖေါ်ပြ ပါဖိတ်စာအစီအစဉ်များအတိုင်း နှစ်ဘက်မိဘများမှ (၃)နှစ်အရွယ် ကလေးနှစ်ဦးအား တရားဝင်လက်ထပ်ပေးမည်ဖြ စ်ပါ သည်။
လက်ထပ်မှတ်တမ်းဓါတ်ပုံများ ထပ်မံတင်ပြပါမည်။ စိတ်ဝင်စားသူများ ဖိတ်စာပါအစီအစဉ်အတိုင်း လာရောက်ကြည့်ရှု လက်ဖွဲ့ပေးကြရန် တိုက်တွန်းပါသည်။
Source : Sein Down
Comments
Post a Comment