Featured post

မန္တလေးနန်းရှေ့က သရဲခြောက်တဲ့အိမ်ကြီး ဖြစ်ရပ်မှန်

အရင်က နေခဲ့တဲ့အိမ် အကြောင်းလေးပါ နန်းရှေ့မှာရှိတယ် အဲ့အိမ်လေးက ညီမ ဆယ်တန်းနှစ်မှာပြောင်းဖြစ်ခဲ့တာပါ အိမ် ကနှစ်ထပ်တိုက်လေး ညီမကစာကျက်ရင် အောက်ထပ်မှာ ဆင်းကျက်လေ့ရှိတယ် စာကျက်ပြီး အခန်းကိုပြန်တက် လာ ရင် ည ဆယ့်တစ်နာရီလောက်ပေါ့ တရက်မှာ လှေကားကတက်လာရင်းဝရံတာဘက်ကိုအမှတ်မထင်ကြည့်လိုက်မိတယ် မိန်းမတယောက်ထိုင်နေတာကိုမြင်လိုက်တော့…။

” အော် ငါ့အမ မအိပ်သေးဘူးပဲဆိုပြီး”

အခန်းထဲဝင်သွားလိုက်တာ အထဲရောက်တော့ သူကသိုးနေပြီ အဲ့လိုနဲ့ ခဏခဏမြင်ပါများလာတော့စိတ်က မလုံတော့ဘူး ပတ်ဝန်းကျင်ကိုစုံစမ်းကြည့်မှပဲအဲ့အိမ်ကမိန်းမတယောက်ကြိုးဆွဲချသေထားတာတဲ့ ဘေးအိမ်တွေကဆိုရင် ညဘက်ပြ တ င်းပေါက်ဖွင့်မအိပ်ရဲဘူးတဲ့ လူမနေသေးတဲ့အချိန်ထဲက သူကအိမ်ပေါ်ထုပ်တန်းကနေဒန်းစီးပြနေတာတဲ့ အခုပြန်တွေးရင်ေ တာင်ကြက်သီးထတုန်း နောက်ရက်ကြရင် ဦးလေးကြုံရတာလေးကိုပြောပြမယ်ဒီအဖြစ်လေးက မမေ့နိုင်စရာပါ။

အဲ့နေ့က ကျွန်မနဲ့ဦးလေးနဲ့က ဘုရားခန်းမှာ အတူတူ ဘုရားရှိခိုးနေတာ အတော်လေးကြာတော့ ဦးလေးက ဂါ ထာတ စ်ပုဒ်ကို စပြီးရွတ်လိုက်တယ် အဲ့ဒီမှာပြသနာက စတော့တာပဲ ကျွန်မဘေးမှာထွန်းထားတဲ့ခြင်ဆေးခွက်က တလံလောက် အထိ ရွေ့သွားခဲ့တယ် နောက်ပြီး ကျွန်မတို့နောက်ကနေ တစ်ယောက်ယောက်ဖြတ်ပြေးသလို တဒုံးဒုံးနဲခြေသံတွေ ဆူညံ သွားခဲ့တယ်။

အဲ့နောက်အသံတွေပြန်ငြိမ်သွားပေမယ့် နောက်ရက်တွေမှာဒီထက်ပိုဆိုးလာခဲ့တယ် ကျွန်မအိပ်နေချိန်မှာ အခန်းတံခါးကို လာဖွင့်တာမျိုးတွေ တအိမ်သားလုံးအောက်ထပ်မှာရှိနေပေမယ့်အပေါ်ထပ်ကနေ တောက်ခေါက်တာမျိုးတွေ အခန်းတံ ခါးတွေ အဖွင့်အပိတ်လုပ်တာတွေပါ လုပ်လာခဲ့ကြတယ်တခါတလေမှာကိုယ်ထင်ပြတာတွေပါလုပ်လာကြတော့တယ်။

အဲ့နောက်တော့ ကျွန်မ အမဆီမှာဝင်ပူးပူးပြီး ဒီအိမ်ရဲ့အခန်းတခုမှာ သူနေတဲ့နေနေကြောင်းကိုပြောပြတယ် ထူးဆန်းတာ က သူဝင်ပူးပြီဆိုတာနဲ့ ကျွန်မအမရဲ့ခန္ဓာကိုယ်ဟာ သုံးဆလောက်ကြီးကြီးလာတယ် အဲ့လိုနဲ့ပဲ ဝင်ပူးလိုက်ပရိတ်ရေဖြန်း လိုက်တိုက်လိုက်နဲ့လုပ်လာခဲ့တာနောက်ဆုံးဘယ်လိုမှမနိုင်တော့တာနဲ့ ကျောက်ဆည်က ဘုန်းဘုန်းတစ်ပါးဆီသွားလျှော က်ပြီး ပင့်လာခဲ့တယ် ဘုန်းဘုန်းကြွလာပြီး မေးမြန်းတော့မှ …။

သူဒီအိမ်မှာ နေတာကြာပြီဖြစ်ကြောင်းသူ့အပြင်နောက်ထပ်တစ်ယောက်လည်းရှိသေးကြောင်း အခုသူကျွတ်ချင်ကြောင်းေ တွပြောတယ် ဒါနဲ့ဘုန်းဘုန်းက ဘယ်လိုလုပ်ပေးရမလည်းလို့ မေးတော့ …။။

“သူ့အတွက်ရည်စူးပြီးဆွမ်းကပ်ပေးပါတဲ့သာဓုခေါ်ပြီးရင်သူ့ဘဝကျွတ်ပြီလို့ပြောတယ် ”

အဲ့လိုနဲ့သူ့အတွက်ဆွမ်းကပ်ပေးတယ်သူ့ကိုလည်းတရားနာဖို့ဖိတ်ပေးတယ် နေရာလည်းပေးထားတယ် ။ ဒါပေမယ့် ကျွန်မက စပ်စုပြီးနင်လာရင်ခါတိုင်းလိုပဲသိသာအောင်ပြဆိုပြီးခေါ်လိုက်တာ သူကအမထဲမှာဝင်ပူးပြီး သာဓုခေါ်ပြီးထွက် သွားခဲ့တယ် ။

သူသာဓုခေါ်တဲ့အသံကအဘွားအိုတယောက်ရဲ့အသံလိုပဲတုန်တုန်ယင်ယင်ကြီးပဲ တအားလည်းကျယ်တော့ ရပ်ကွက်က လည်းစပ်စုကြတယ် ကျွန်မတို့ကအကြောင်းစုံပြောပြတော့ သူတို့ကဘာပြောတယ်ထင်လည်း ဒီအိမ်ကိုစောင့်ကြည့်ေ န ကြတာတဲ့အရင်လူတွေအလွန်ဆုံးနေနိုင်မှတစ်ပါတ်ပဲတဲ့…။ ကျွန်မတို့ကနှစ်ရည်လများနေထိုင်နေလို့ပိုစိတ်ဝင်စားနေကြတာတဲ့ အော်ပြောဖို့ကျန်သေးတယ် ။ ကျွန်မတို့လည်းနောက် နှစ်လလောက်နေတော့အိမ်ကိုရောင်းပြီးပြောင်းလာခဲ့ကြတယ်ဘာလို့လည်းဆိုတော့သူ့အပြင် နောက်တစ်ယောက် ကျန်ေ နသေးလို့လေ *မှတ်ချက်-စိတ်ကူးယဉ်မဟုတ်ဘူးနော် အဲ့အိမ်လေးအခုထိ ရှိသေးတယ် လက်ရှိပိုင်ရှင်တွေလည်းနေ ထိုင်နေသေးတာ ဆိုတော့လိပ်စာအတိအကျမပြောပေးနိုင်တာကလွဲလို့အားလုံးကဖြစ်ရပ်မှန်တွေပဲ။

ဇာတ်လမ်းတင်ဆက်ပေးသော Member-ရုပ်ကြွင်းသစ် အားအထူးကျေးဇူးတင်ရှိပါသည်…….။

Comments