Featured post
- Get link
- X
- Other Apps
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့၌ ဧပြီ ၂၅ ရက် ညနေပိုင်းက ဈေးအရှေ့လမ်း ကုန်မျိုး စုံရောင်းဝယ်ရေးဆိုင် တစ် ဆိုင်တွင် အလုပ်လုပ် နေသော လူငယ်များ အစာအဆိပ်သင့်မှုဖြစ် ပွားကာ မြို့နယ်ပြည်သူ့ဆေး ရုံ၌ ဆေးကုသမှု ခံယူ လျက်ရှိကြောင်းသိရသည်။
ဖြစ်စဉ်မှာ ယင်းနေ့မွန်းတည့် ၁၂ နာရီတွင် နေ့လယ်ထမင်းစားချိန်ရောက်၍ ဆိုင်တွင်အတူ အလုပ်လုပ်ကိုင်ကြသူ လူင ယ်ခြောက်ဦး ထမင်း ချိုင့်များဖွင့် ကာ ကြက်သားဟင်း၊ ငါးဟင်း၊ ဖားဟင်း၊ ခရမ်းချဉ်သီးနှင့် ရောချက်သော ငါးခြောက် ဟင်း၊ ပဲပင်ပေါက်ကြော်၊ ငါးဖယ်ဟင်း၊ ဘဲဥဟင်း စသည့်ဟင်း များနှင့် အတူ စားသောက်ခဲ့ကြပြီး မွန်းလွဲ ၂ နာရီခွဲတွင် လူငယ်ငါးဦးမှာ အလုပ်လုပ်ကိုင်နေရာမှ မူးခြင်း၊ ဗိုက်အောင့်ခြင်း၊ အန်ခြင်းများဖြစ်ကာ တစ်ဦးမှာ သက်သာသဖြင့် ၃ နာရီခွဲခန့်တွင် လူငယ်လေးဦး အား ဆေးရုံသို့ ပို့ခဲ့သည်။
အစာအဆိပ်သင့်ကာ ဝမ်းလျှောပြီး အန်ခြင်းဖြစ်ကြောင်း၊ ယခု အန်တာနှင့် ဝမ်းလျှောတာ ရပ်သွားပြီဖြစ်ကြောင်း၊ အစားမှား ၍ဖြစ်ပြီး အခြေအနေ စိုးရိမ်စရာမရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် တစ်ဦးက ပြောသည်။
ဆေးကုသမှုခံယူသူလူငယ်များမှာ ညောင် လေးပင်မြို့ မြို့မ(၄)ရပ်ကွက်နေ ဇင်မင်းအောင် (၁၈)နှစ်၊ ကြာအင်းကြီး ကျေးရွာနေသူများဖြစ် သော စည်သူလွင် (၁၇)နှစ်၊ စောလွှမ်းမိုး (၁၇)နှစ်နှင့် မြတ်လင်းဟိန်းတို့ ဖြစ်ကြကာ မြတ်လင်း ဟိန်းမှာ ဆေးရုံရောက်သောအခါ သက်သာ၍ အိမ်ပြန်သွားခဲ့ပြီး ကျန်သုံးဦးသာ ဆက်လက်ကုသမှုခံ ယူလျက်ရှိကြောင်း သိရ သည်။
MOI Webportal Myanmar
Comments
Post a Comment