Featured post
- Get link
- X
- Other Apps
၁၁.၄.၂၀၁၇ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်၊ အပိုင်း(၁၁)၊ ပေါက်ကုန်း ရပ်ကွက်၊ ကံ့ကော်လမ်းသွယ်ရှိ နေအိမ်တစ်အိမ် တွင် မူးယစ်ဆေးဝါးများ ရောင်းချနေကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးတွင် ဖွင့်လှစ် ထားသော 199 Call Center သို့ တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေး ချက်အရ ရဲတပ်ဖွဲ့ဝင်များက သတင်းအတည်ပြုကာ ဖမ်းဆီးရမိရေး စုံစမ်း ဆောင်ရွက်ခဲ့ပါသည်။
သတင်းရရှိထားမှုအပေါ် ၁၈.၄.၂၀၁၇ ရက်နေ့ ညနေ ၄နာရီအချိန်ခန့်တွင် မင်္ဂလာဒုံမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မူယစ်ဆေးဝါးနေအိမ်ရှာဖွေ ဖမ်းဆီးခွင့်ဝရမ်းနှင့်အတူ အဆိုပါ နေအိမ်သို့ သက်သေများနှင့် ၀င်ရောက် ရှာဖွေခဲ့ရာ နေအိ မ်ရှေ့ခန်းတွင် သက်နိုင်ဝင်းအား WY စိတ်ကြွရူးသွပ် ဆေးပြားသုံးစွဲရာတွင်အသုံးပြုသည့် အဖုံးတွင်အပေါက်ဖောက်၍ အ၀ါရောင်တိပ်များကပ်ထားသော ပလပ်စတစ်ဘူးဖြင့် မူးယစ်ဆေးဝါး သုံးစွဲနေသည်ကိုတွေ့ရှိရပြီး ၎င်း၏ဘေးတွင် အဖြူရောင် ပလပ်စတစ်ဘူး တွင် အနက်ရောင်တိပ်ပတ်လျက်အတွင်း၌ WYစာတန်းပါပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား (၃၇၅)ပြား၊ အစိမ်းရောင် (၄)ပြား စုစုပေါင်း (၃၇၉)ပြား၊ ငွေကျပ် (၁၈၀၀၀)၊ အပြာရောင် ကပ်ခွါအိတ် (၃)လုံး၊ ပလပ်စ တစ်ဘူးခွံ (၂)လုံး၊ ထိပ်၌ခဲပြားပတ်ထားသည့်အအေးစုပ်ပိုက် (၁)ချောင်း နှင့် ခဲပြား အပိုင်းအစများ၊ မီခြစ် (၅)လုံး၊ အအေးစုပ်ပိုက်(၁)ထုပ်၊ ခဲပြားလိပ် (၁)လိပ် နှင့် အရိုးအသွား ၃၄ လက်မခန့်ရှိ ငှက်ကြီးတောင်ဓား (၁)ချောင်း၊ အရိုး အသွား ၂၈ လက်မခန်ရှိ ဓားဦးချွန် (၁)ချောင်း၊ အရိုးအသွား ၂၇ လက်မ ခန့်ရှိ ဓားဦးချွန် (၁)ချောင်းတို့အား ရှာဖွေေ တွ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
ယင်းသို့ ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် သက်နိုင်ဝင်းအား မင်္ဂလာဒုံ မြို့မရဲစခန်းမယ(ပ)၇/၂၀၁၇၊ မူးယစ်ဆေးဝါးနှ င့်စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)ဖြင့် လည်းကောင်း၊ လက်နက်အက် ဥပဒေပုဒ်မ ၁၉(င)ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
Comments
Post a Comment